Remote Access Trojan (RAT) အ ေ ကြာင်း
RAT 🐀 ဟာ Malware အမျိုးအစားတွေထဲ က အလွန်အန္တရယ် များတဲ့ program တစ်ခုဖြစ်ပါတယ်။ သူ့ ကို Virus လို data တွေ ကို ဖျက်စီးတာ၊ Worm တွေလို စက်တွေရဲ့ Performance ကို ကျအောင်လုပ်တာ မျိုးတွေ အပြင် hacker ကို ထိန်ချုပ်ခွင့် အပြည့်ပေး နိုင်တဲ့ စွမ်းဆောင်ရည်မျိုးတွေ လည်းပါဝင်လာတယ်။ ဒါကြောင့် remote access Trojan လို့ခေါ်တာ။
RAT တွေ က ဘယ်လို ပုံစံတွေ နဲ့ ကျွန်တော် တို့ computer ထဲ ကို ဝင်လာနိုင်သလဲ။ အတူလေ့လာကြည့်ရအောင်။ RAT အကြောင်းကို ပြောရင် Troy ရုပ်ရှင်ကား ကို ပဲ ဥပမာပေးပြီးပြောရမှာပါ။ Troy ဇတ်ကားထဲမှာ ဂရိတပ်တွေ ဟာ Troy မြို့ကို တိုက်တော့၊ Troy က လုံးဝ အခိုင်အမာ defense ယူပြီး နေတယ်။ Defense က ကောင်းတော့ အချိန်တွေ ကြာလာတဲ့ အထိ ဂရိတပ် တွေ က Troy ကို သိမ်းလို့မရဘူးဖြစ်နေတယ်။ ဒီတော့ဂရိ က idea တစ်ခု ထုတ်တယ်။ မြင်းရုပ်ကြီး ကို ဆောက်တယ်။ ပြီးတော့ ဒီ မြင်းရုပ်ကြီးထဲမှာ စစ်သား အနည်းငယ် ကို ဝင်နေစေတယ်။ ကျန်တဲ့ ဂရိတပ်ကြီး တစ်ခုလုံးကို တနေရာမှာ ပုန်းနေစေတယ်။ နောက် ဂရိတပ်သား အချို့ဝင်နေတဲ့ မြင်းရုပ်ကြီး ကို Troy မြို့ ရဲ့ ရှေ့ မျက်နှာစာ မှာ ထားထားလိုက်တယ်။ နောက်တနေ့ရောက်တော့ Troy မြို့သားတွေ က ရုတ်တရက် သူတို့မြို့ ကို လာတိုက်နေတဲ့ ဂရိ တပ်ကို မတွေ့ဘူး။ မြင်းရုပ်ကြီးပဲတွေ့တယ်။ ဒီတော့ Troy မြို့သားတွေ ထင်တာက၊အင်း ဂရိတပ်တော့ ငါတို့ ကို မတိုက်နိုင်တော့လို့ တပ်ဆုတ် သွားပြီး၊ နောက်ပြီး စစ်ပြေငြိမ်းတဲ့ အနေ နဲ့ မြင်းရုပ်ကြီးကို လက်ဆောင်ပေးသွားတာပဲ ထင်ပြီး ဒီမြင်းရုပ်ကြီးကို မြို့ထဲသွင်းကြတယ်။ အဲဒီနောက် Troy မြို့သားတွေ က ပျော်မြူုးပြီး သောက်သားမူးယစ် ကာ အိပ်ပျော်သွားကြတယ်။ ဒီအချိန် မှာ ဘဲ မြင်းရုပ်ကြီးထဲမှာ ရှိနေတဲ့ ဂရိစစ်သားတွေ က ဆင်းလာပြီး ဂိတ်တံခါးကို ဖွင့်၊ အပြင်မှာ ပုန်းအာင်းနေတဲ့ ဂရိစစ်သားတွေ ကို ဝင်လာလို့ ရပြီ ဆိုပြီး မီးရူးမီးပန်တွေ နဲ့ signal ပြပြီး ခေါ်၊ ဂရိစစ်သားတွေ က Troy မြို့ထဲ ကို ဝင်တိုက် ၊ဒီလို နဲ့ Troy မြို့ဟာ ကျသွားခဲ့တယ်။Troy မြို့ ကျရခြင်း က အတွင်းမှာ ဘာတွေ ရှိနေသလဲ ဆိုတာကို မစစ်ဆေးပဲ အပြင်ပန်း ကို ပဲကြည့်ပြီး ယုံကြည် တာကြောင့်ဖြစ်တယ်။ အခု ကျွန်တော် တို့ ဆွေးနွေးနေတဲ့ RAT ဟာ လည်း ဒီလို ပုံစံ မျိုး နဲ့ သဘောတရားချင်းတူတယ်။ Trojan Horse ဟာ တကယ့် အစစ်အမှန် program တစ်ခု နဲ့ တွဲကပ်ပြီး User တွေ ကို ဆွဲဆောင်တယ်။ ဥပမာ hacker က Firefox browser အစစ် အမှန် setup file ကို Trojan horse နဲ့ ကပ်လိုက်တယ်။ ဒီလို software နှစ်ခုကို တစ်ခုတည်းဖြစ် ပေါင်းစပ်လိုက်တဲ့ program တွေကို Wrapper လို့ခေါ်တယ်။ တချို့ကလည်း binder လို့ပြောကြတယ်။ဒီလို နှစ် ခု ကို တစ်ခုတည်းပေါင်းလိုက်တော့ User အမြင်မှာ Firefox setup file လေးပဲမြင်တော့တယ်၊ သူနောက်မှာ ကပ်ထားတဲ့ Trojan Horse ကို မမြင်တော့ဘူး။ မြင်းရုပ်ကြီးကို ပဲမြင်နေပြီ၊ အထဲ မှာရှိတဲ့ ဂရိတပ်တွေကို မမြင်ဘူး၊ ပြီးတော့ hacker က online က Website တစ်ခုမှာတင်ပြီး User ကို download ဆွဲအောင် လုပ်ခြင်း။ User ရဲ့ email ကို ဒီ bind ထားတဲ့ program ကိုပို့ခြင်း စတဲစတဲ့ နည်းလမ်း အမျိုးမျိုး နဲ့ delivery လုပ်ဖို့ကြိုးစားတယ်။ User က မသိလို့ ဒီ Trojan ကပ်ထားတဲ့ Firefox setup file လေးကို သာ run လိုက်တာ နဲ့ တကယ့် Firefox က user မျက်စိရှေ့မှာ ပဲ run နေသလို့ နောက် ကွယ်မှာ လည်း Trojan horse က stealth mode အနေ နဲ့ run သွားပါပြီ။ User ကတော့ ဘာမှ မသိလိုက်ဘူး။ အခု ဆိုရင်တော့ User လေးရဲ့ computer ဟာ Trojanized ဖြစ်သွားပြီပဲဖြစ်ပါတယ်။ အဲ့ဒီနောက် Trojan horse လေးက Internet ကနေ မှ့ တဆင့် Hacker ရဲ့ စက်ကို ပြန်ချိတ်ပါတယ်။ ဒီ connection ကို Command and Control(C2) channel လို့ခေါ်ပါတယ်။ အခုဆိုရင်တော့ Tojanized ဖြစ်နေတဲ့ User ရဲ့ စက် နဲ့ Hacker ရဲ့ စက်ကြားမှာ connection တစ်ခုဖြစ်သွားပါပြီ။ဒီ connection ကမှ တဆင့် Hacker က User ရဲ့ စက်ကို သူကြိုက်သလို ထိန်းချုပ်လို့ရသွားပါပြီ။ Data တွေခိုးမလား၊ key logging တွေလုပ်မလား၊ bot တွေထည့်ပြီး DDoS Attack တွေလုပ်မလား။လုပ်ချင်တာ လုပ်။ အရမ်းကြောက်ဖို့ကောင်းပါတယ်။ Trojan Horse တွေထဲ မှာ နာမည်ကြီးတွေ က Zeus၊ သူကို ebanking trojan လို့လည်းခေါ်ပါတယ်။ ကျွန်တော် စမ်းဖူးတာ တွေက Sub7 နဲ့ ProRat။ သူတို့တွေ က အသုံးပြုရလွယ်တယ်။
ကျွန်တော် တို့ နိုင်ငံမှာ software တွေ ကို ၁၀၀၀ ကျပ်နဲ့ ဝယ်လို့ရတယ်။ အားလုံး သိပြီးတဲ့အတိုင်း ဒီ software တွေက တကယ် Licensed version တွေမဟုတ်ဘူး။ Pirated version တွေ၊ အများပြောသလို ပြောရင် cracked version ပေါ့။ ဒီ software တွေကို installationလုပ်ပြီးရင် full version သို့ licensed version ဖြစ်အောင် activate လုပ်ဖို့ ဆိုပြီး patch file တို့၊ keygen တို့ စတဲ့ program လေးတွေပါကပ်ပါလာတယ်။ ဒီတော့ user တွေက full version ဖြစ်အောင်ဆိုပြီး ဒီ patch တွေ၊ keygen တွေ ကို ပျော်ပျော်ကြီး run ကြတယ်။ run လိုက်တာ နဲ့ Anti-Virus က Virus တွေ၊ Trojan တွေ detect သိကြောင်း alert ပြတယ်။ ဒါကို user တော်တော် များများ က Neglect လုပ်ကြတယ်။ Anti-Virus က မှားပြောတယ်ပေါ့၊ တချို့ ဆိုင်တွေ ဆို Keygen ကို မ run ခင် မိမိတို့ စက် က Anti-Virus ရဲ့ protection mode ကို disable လုပ်ခိုင်းတယ်။ ကောင်းရော၊ Anti-Virus က သူ့ malware signature နဲ့ match ဖြစ်လို့ပြောတာ၊ တကယ့်virus တွေ၊ Trojan တွေ တွေ့လို့ ပြောတာ၊ ဒါကို ကျွန်တော် တို့ က သိပ်ဂရုမစိုက်ကြဘူး။သေချာပြန်စဉ်စားကြည့်ပါ။ Software တွေ ကို full version ဖြစ်အောင်လုပ်တဲ့ patch file တစ်ခုဖြစ်ဖို့ Hacker တွေ အနေ နဲ့ reverse engineering လုပ်ကာ အတော်ကြိုးစားဖန်တီးယူရပါတယ်။ သူ ကြိုးစားပန်းစာ လုပ်လို့ရလာတဲ့ ဒီ patch file လေးကို ကျွန်တော် တို့ ကို အလကားပေးမလား။စဉ်းစားကြည့်ပါ။ Give and take policy ပဲ။ Hacker က ဒီ patch file လေးကို Wrapper နဲ့ Trojan Horse ကပ်ပြီး ပေးလိုက်တာပါ။ ရလဒ် အနေ နဲ့ ကတော့ ကျွန်တော် တို့ software လေးက full version ဖြစ်သွားတယ်။ အဲ Hacker ကလည်း ကျွန်တော် တို့ စက်ကို အပြည့်အဝ ထိန်းချုပ် လို့ရသွားတယ်။ ဒီတော့ အထက်က ပြော ခဲ့တဲ့ Troy ကို ဂရိ တွေ တိုက်သွားတဲ့ ဥပမာ နဲ့ ပြောရင် User တွေက Tory မြို့သားတွေ၊ မြင်းရုပ်ကြီးက patch file ၊ Trojan horse က ဂရိစစ်သားတွေ ဖြစ်ပါတယ်။ အခုလောက်ဆိုရင်တော့ Trojan Horse က ဘာ လဲ၊ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ ကို စာဖတ်သူတို့ အနေ နဲ့ အတန်ငယ် သိရှိနားလည်ပြီလို့ထင်ပါတယ်။
crd#ကိုရဲမျိုးသူ
Blogger: Nyi Min Khant(KMD)

Comments

Popular posts from this blog