၂၀၁၉ ခုနှစ်မှာ လေ့လာသင့်တဲ့ အကောင်းဆုံး programming language များ
အကောင်းဆုံးလုံးပြောတဲ့အခါ ဘာကိုကြည့်ပြီးဆုံးဖြတ်ပါသလဲဆိုရင်တော့-
၁။ လစာ ကောင်းခြင်း ( High Salary)
၂။ လုပ်ငန်းအမျိုးမျိုးသို့ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း
၃။ အနာဂတ်မှာ အိုင်တီ ကုမ္ပဏီတွေ ပိုမို အသုံးပြုလာဖွယ်ရာ ရှိခြင်း
၎။ လေ့လာရန် လွယ်ကူခြင်း
၅။ ထုတ်လုပ်မှု စရိတ်သက်သာခြင်း တို့ပင်ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်မှာ လေ့လာသင့်တဲ့ အကောင်းဆုံး programming language ကိုတင်ပြရမယ်ဆိုရင်တော့

၁။ Python
Python Language ကို နေရာတကာမှာ အသုံးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ web applications, Desktop applications, Network Servers, Artificial Intelligent(AI Robot Development), Media Streaming Tools အပြင် အခြားသော programming language အမျိုးမျိုးနဲ့ တွဲပြီးတော့လည်း အသုံးပြုနိုင်တဲ့ အင်မတန်မှ Flexible ဖြစ်တဲ့ Language တစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့ အိုင်တီ ကုမ္ပဏီကြီးများ ဖြစ်ကြတဲ့ Google , NASA နဲ့ အခြားသော သိပ္ပံ အအဖွဲ့ အစည်းတွေက Python ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၂။Java
လာမည့် နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နေဦးမယ့် programming language တစ်ခုဖြစ်ပါတယ်။ တစ်ချို့သော အိုင်တီအသိုင်းအဝိုင်းက ပြောကြတယ် Java ကို Kotlin Language က အစားထိုးသွားမယ်ဆိုတာတွေပေါ့။ အတိုင်းအတာ တစ်ခုအထိတော့ မှန်ချင်မှန်ပါလိမ့်မယ်။ ဒါပေမယ့်
Backend developer, Big Data Developer, Embedded Systems Engineer တွေအတွက်တော့ နှစ်တွေများစွာ အတူရှိနေဦးမှာပါ။ နာမည်ကြီး အိုင်တီ ကုမ္ပဏီ ၅၀၀ ကျော် အခုထိ ဆက်လက် အသုံးပြုနေဆဲလို့ Stockoverflow ကဆိုပါတယ်။ web application တွေရေးသားတဲ့ အခါမှာလည်း php က သေးငယ်တဲ့ project တွေမှာ သာ မြန်ဆန် အဆင်ပြေ သက်သာပေမဲ့လည်း project အကြီးအကြီးဖြစ်လာမယ် ဆိုရင်တော့ Java ကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့် မယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

၃။JavaScript
ကမ္ဘာကျော် IT website တစ်ခုဖြစ်တဲ့ stackoverflow ရဲ့ဖော်ပြချက်အရ JavaScript ဟာ ၂၀၁၈ ခုနှစ် အတွင်း ကောက်ထားတဲ့စစ်တမ်းအရ ၆၂.၅ % နဲ့ popular အဖြစ်ဆုံး programming language တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။
JavaScript ကို တတ်မြှောက်ပြီးတာနဲ့ အခြားသော popular frameworks တွေဖြစ်တဲ့ Angular, React, Ember, Backbone, နဲ့ Node.js တွေကို ပါ လွယ်လင့်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ထို့အပြင် Apache Cordova သို့မဟုတ် React Native တွေနဲ့ mobile application တွေကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ အခုဆို Electron ကိုသုံးပြီး Desktop application တွေကို ရေးသားနိုင်ပြီဖြစ်ပါတယ်။ အခြားသေား programming language တွေလို license ကိစ္စ Platform ကိစ္စ တွေကို စဉ်းစားစရာ တွေးပူစရာ မလိုသည့်အပြင် application တွေကို ထုတ်လုပ်တဲ့အခါတွေမှာလည်း ထုတ်လုပ်မှုစရိတ်အ လွန်နည်းပါးမည်ဖြစ်ပါတယ်။

၎။C#
Desktop Application Development တွေအတွက် အသင့်တော်ဆုံး အကောင်းဆုံး Language လို့ဆိုပါတယ်။ Developing speed နဲ့ process က အခြား Language တွေထက် လွယ်ကူမြန်ဆန် လို့ လူသုံးများတယ်လို့လည်း ဆိုကြပါတယ်။ ကွန်ပျူတာပညာရှင် Anders Hejlsberg ဆိုသူက Java ရေးသားနည်းကို ကိုးကားတုပထားတာဖြစ်တဲ့ အတွက် Java ရေးဖူးသူတိုင်း C# ကို လေ့လာရင် အချိန်တိုအတွင်း နားလည်သဘောပေါက်ပြီး ရေးသားနိုင်ပါတယ်။
 ၅။PHP
အရင်းအနှီးနည်းပြီး အမြန်အစွန်းများစွာကို မျှော်မှန်းတဲ့ အိုင်တီ freelancer တွေအတွက် အထူးသင့်တော်တဲ့ Language တစ်ခုဖြစ်ပါတယ်။ Java လိုဈေးကြီးတဲ့ Dedicated Server တွေမလိုအပ်ပဲ ဈေးနှုန်းအထူးချိုသာပြီး web application တွေကို ရေးသားနိုင်တဲ့ Language တစ်ခုဖြစ်ပါတယ်။ အိုင်တီလောကထဲကို စဝင်လာတဲ့ အတွေ့အကြုံနုနုယ်တဲ့ newbie programmers တွေအတွက် အလွယ်အကူခုန်ဝင်လာပြီးတော့ အချိန်တိုအတွင်း အလုပ်ဖြစ်တဲ့ Server side Language ဖြစ်ပါတယ်။ အခုဆို Php နဲ့ ဘာ application မဆိုရေးသားထုတ်လုပ်နိုင်တဲ့ Language တစ်ခုဖြစ်နေပါပြီ။
ဥပမာ - Phonegap နဲ့ Cordova app တွေကို သုံးပြီး မိုဘိုင်း application တွေကို ရေးသားရတာ အင်မတန်မှ လွယ်ကူမြန်ဆန်ပါတယ်။ နောက် နာမည်ကြီး Php framework တွေဖြစ်တဲ့ laravel နဲ့ Code Igniter တွေကလည်း website developing company တိုင်းမှာ သုံးနေမြဲ သုံးနေဆဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Free License ဖြစ်တာရယ်၊ Development Speed မြန်ဆန်တာရယ်၊ Development Cost နည်းတာပြီးတော့ အမြတ်အစွန်းများပြီးတော့ Cross Platforms တွေမှာ Support ဖြစ်နေလို့ပါ။ ဒါကြောင့် ကိုယ်ပိုင် web developing လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေနဲ့ Online Freelancing လုပ်သူတွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး Language တစ်ခုဖြစ်တယ်လို့ ပြောပါရစေ။

၆။ C++
အိုင်တီလောကမှာ Customization ဆိုတဲ့ ကိုယ်လိုချင်တဲ့ပုံစံကို ဖန်တီးခြင်း ဆိုတဲ့ ဝေါဟာရဟာ Application software တွေကိုရေးသားဖန်တီးရာမှာ အင်မတန်မှ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။
ဘယ်လောက်ပဲ ကျွမ်းကျင်၊ ဘယ်လောက်ပဲ အတွေ့အကြုံတွေရှိပါစေ လိုချင်တဲ့ customized software application တွေရေးသားရတော့မယ် ဆိုရင်တော့ C++ ကို မဖြစ်မနေလေ့လာရမှာ ဖြစ်ပါတယ်။
မိုဘိုင်းဖုန်း application ရေးသူများ၊ Desktop Application ရေးသူများ ၊ Game Software ရေးသူများ မည်သူမဆို C++ သုံးခြင်းဖြင့်သာ လိုရာကိုဖြည့်စွက် ရေးသားနေရမှာ ဖြစ်ပါတယ်။ C++ ဟာ Programming ကို စတင်လေ့လာသူအတွက်ရော ၊ အိုင်တီလောကမှာ ရည်ရှည်ရပ်တည်လိုတဲ့ သူတွေအတွက် လေ့လာဖို့ အင်မတန် သင့်တော်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ C++ ကိုလေ့လာတဲ့အခါ programming လောကထဲမှာ မဖြစ်မနေဖြတ်ကျော်ရမည် အချက်အခဲ အတားအဆီးများဖြစ်တဲ့ programming Logic နဲ့ Programming Algorithms တွေကို အခြားLanguage တွေထက် ထိတွေ့ခွင့်ရှိ တဲ့အတွက်ဖြစ်ပါတယ်။ ထို့ကြောင့် C++ ဟာ Programming စတင်လေ့လာချင်သူများအတွက် အထူးသင့်တော်သလို၊ အတွေ့အကြုံရှိပြီးသား experienced programmer တွေအတွက်လည်း အမြဲ လက်ဆွဲ ဆောင်ထားရမည့် Language တစ်ခုဖြစ်ပါတယ်။
၉။ Swift
iOS နဲ့ MacOS applications တွေရေးသားဖို့ရာ Apple ကနေ ၂၀၁၄ ခုနှစ်မှ ဖြန့်ဝေခဲ့တဲ့ programming language တစ်ခုဖြစ်ပါတယ်။ Objective-C ထက် ပိုမိုကောင်းမွန်အောင် မွမ်းမံဖန်တီးထားတဲ့ programming language လည်း ဖြစ်ပါတယ်။
လက်တွေ့စီးပွားရေးနယ်ပယ်တွေမှာ တော့ iOS Developer တွေဟာ Android Developer တွေထက် ပိုပြီးအမြတ်အစွန်း ကောင်းကျိုး ခံစားနေရတာတွေကို မြက်ဝါးထင်ထင် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


Blogger: Nyi Min Khant(KMD)

Comments

Popular posts from this blog