အာဖရိကတိုက် တစ်တိုက်လုံးကို ကော်နက်ရှင်ဒေါင်းသွားအောင်လုပ်ခဲ့တဲ့ ဟက်ကာ

Daniel Kaye ဆိုတဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ ၂၀၁၆ ခုနှစ်တုန်းက လစ်ဗျားနိုင်ငံအခြေစိုက် ဖုန်းကုမ္ပဏီတစ်ခုရဲ့ကွန်ရက်ထဲဖောက်ဝင်ပြီး အာဖရိကတိုက် တစ်တိုက်လုံးကလူတွေသုံးစွဲနေတဲ့ အင်တာနက်စနစ်ကို ပိတ်ပင်ခဲ့ပါတယ် ။သူ့ရဲ့လုပ်ရပ်ကြောင့် ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်းချီပြီးဆုံးရှုံးခဲ့ရပါတယ် ။Linestar ကုမ္ပဏီကို တိုက်ခိုက်ဖို့အတွက် Cellcom ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက်ကသူ့ကိုအခကြေးငွေနဲ့ ငှားရမ်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ သူ့ရဲ့ကိုယ်ပိုင် Botnet တစ်ကောင်နဲ့ Botnet ဝင်စီးထားတဲ့ ကွန်ပြူတာတွေတစ်ဆင့် DDos Attack နဲ့ Lonestar ရဲ့အင်တာနက်ဆာဗာကို တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ Mirai #14 လို့ခေါ်တဲ့ ဒီ Botet ဟာဆိုရင် Lonestar ကုမ္ပဏီမှာတပ်ဆင်ထားတဲ့ တရုတ်နိုင်ငံလုပ် Dahua Webcams တွေကိုပါ ဝင်စီးနိုင်တဲ့ အစွမ်းရှိပါတယ် ။ အဲ့ဒီနောက်မှာတော့ Daniel ဟာ Deutsche Telekom ရဲ့ စနစ်ကို ဝင်စီးဖို့အတွက် ဂျာမနီကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ် ။
သူဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ အစီးခံထားရတဲ့ ကွန်ပြူတာပေါင်း တစ်သန်းကျော်ကိုအသုံးပြုပြီးတော့ တယ်လီကွန်းဆာဗာတွေကိုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ဖို့အတွက် Cellcom ရဲ့ ဝန်ထမ်းမှ သူ့ကို ဒေါ်လာ ၁၀ ၀၀၀ ပေးပြီးစေခိုင်းခဲ့တာပါ လို့ဝန်ခံခဲ့ပေမယ့်လည်း Cellcom ကတော့ သူတို့ဒီအကြောင်းလုံးဝမသိကြောင်း အတိအလင်းကြေငြာထားတယ်လို့ BBC သတင်း website မှာဖော်ပြထားပါတယ်။
သူ့ကိုဖမ်းဆီးခဲ့တာကတော့ ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလမှာ ဗြိတိန်ကို အားလပ်ရက် အပန်းဖြေခရီးထွက်လာခဲ့တဲ့အချိန်မှာပဲဖြစ်ပါတယ် ။တရားရုံးက သူ့ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၃၂ လချမှတ်ခဲ့တဲ့အချိန်မှာ တရားရုံးမှာ ငိုကြွေးခဲ့ပါတယ်တဲ့ ။တရားသူကြီး Alexander Milne QC ကတော့ Kaye ဟာ ငွေကြေးကြောင့် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ် ။”သင်ဟာ ထူးချွန်တဲ့လူငယ်တစ်ယောက်ဖြစ်ပြီးတော့ ကိုယ်ဘာလုပ်နိုင်လဲဆိုတာကို နားလည်တဲ့သူတစ်ယောက်ဖြစ်တယ် ။
ဒါပေမယ့်လည်း သင့်ရဲ့စွမ်းရည်ကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုခဲ့တာကြောင့် လူတိုင်းအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့တယ် ။ဒါကြောင့်မို့သင့်ကိုအပြစ်ပေးရတာဖြစ်တယ် ” လို့ပြောပြီး အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ် ။
Blogger: Nyi Min Khant(KMD)😎😎

Comments

Popular posts from this blog