Fontend Web development ဆိုတာ



                                                         

Frontend web development ဆိုတာ သတင်းအချက်အလက် (data) တွေကို Graphical user interface နဲ့ သုံးစွဲသူ(user) တွေလွယ်ကူစွာ အသုံးပြုနိုင်အောင် HTML, CSS, JavaScript..

အစရှိတဲ့ programming languages တွေကိုသုံးပြီး ရေးဆွဲရတဲ့ အလုပ်ဖြစ်တယ်။

Frontend web developer တစ်ယောက်အနေနဲ့ အောက်ပါအချက်များကို သိထားသင့်တယ်။

1.Visual Experiences

Website တစ်ခုမှာ visual experience ကလည်း အရေးကြီးပါတယ်။ website နှစ်ခုကို ယှဉ်ကြည့်မယ် ဆိုရင် visually experience (visual design) ပိုကောင်းတာကို လူတိုင်းကြိုက်ကြတယ်။

Visual design ကောင်းရင် First impression ကောင်းကောင်းရနိုင်တယ်။ ပြီးတော့ ကိုယ့် website ရဲ့အချို့အားနည်းချက်တွေကို users တွေအနေနဲ့ သည်းခံပေးနိုင်တယ်

Images, colors တွေကိုသုံးပြီး users တွေကို ကိုယ်ပေးချင်တဲ့ emotions တွေဖြစ်လာအောင် ဖန်တီးနိုင်တယ်။

2.Layouts

Website တစ်ခုရဲ layout ဆိုတာ webpage မှာပါတဲ့ paragraphs, images, videos, links, buttons အစရှိတဲ့ elements တွေကို ဘယ်လိုနေရာချထားလည်း ဆိုတာဖြစ်ပါတယ်။ website တစ်ခုမှာ layout design ကလည်း အရေးကြီးတယ်။

Layout design အတွက် best practices အချို့ကို အောက်မှာဖေါ်ပြထားပါတယ်

website တစ်ခုမှာ pages တွေက အချိတ်အဆက်မိနေရမယ်။ ဥပမာ Logo က page ရဲ့ အပေါ်ဘယ်ထောင့်မှာ ထားရင် page တိုင်မှာ အဲလိုဖြစ်သင့်တယ်။ page တစ်ခုမှာ ဘယ်ဘက်မှာထားပြီး နောက် page မှာ ညာဘက်ထားတာမျိုး မဖြစ်သင့်ဘူး။

white space(negative space) များများသုံးပါ။ white space ဆိုတာ elements တွေ တစ်ခုနဲ့တစ်ခုကြားမှာ ရှိတဲ့ နေရာလွတ်တွေကိုခေါ်တာဖြစ်တယ်။ CSS (margin, padding, Flexbox, grid layout) တွေသုံးပြီး ဖန်တီးနိုင်တယ်။ သင် focus ထာချင်တဲ့ element ကို white space သုံးပြီး ပိုထင်ရှားအောင် လုပ်နိုင်တယ်။

website တစ်ခုမှာ ပေးထားတဲ့ message, focus တွေကို တတ်နိုင်သမျှ နည်းအောင် လျှော့ချပါ။ users အများစုဟာ websites တွေကို အကြမ်းဖျင်းပဲ ကြည့်ပြီး သူတို့လိုချင်တဲ့ အချက်အလက် မတွေ့ဘူးထင်ရင် ချက်ချင်း ပြန်ထွက်သွားကြတယ်။

"Rule of think" ကိုဂရုစိုက်ပါ။ ဥပမာ website မှာပါတဲ့ button တစ်ခုကို user တွေ့ရင် ဘာအတွက်လည်းဆိုတာ ချက်ချင်း နားလည်နိုင်ရမယ်။ စဉ်းစားနေရတာမျိုး မဖြစ်သင့်ဘူး။

users ရင်းနှီးပြီးသား ဖြစ်တဲ့ layout, patterns တွေကို သုံးပါ။

images တွေရဲ့ size ကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လျှော့ချပါ။ JPEGmini, Shrink O’Matic အစရှိတဲ့ tools တွေသုံးပြီး image ရဲ့ quality ကို မထိခိုက်ပဲ size ကို လျှော့ချနိုင်တယ်။

အမျိုးအစားတူတဲ့ elements တွေကို တူရာတူရာစုထားပါ။

...

3.Animation

Users က button တစ်ခုကိုနှိပ်လိုက်တဲ့ အချိန်မှာ view တစ်ခုကနေ နောက်တစ်ခုကို ချက်ချင်း ပြောင်းသွားတာမျိုး မဟုတ်ပဲ ဆက်စပ်မှုရှိကြောင်း သိနိုင်မယ် meaningful animation တွေထည့်လိုက်ခြင်းအားဖြင့် users အနေနဲ့ website ရဲ့ အလုပ်လုပ်ပုံကို ပိုပြီး နားလည်နိုင်တယ်။

4.Responsive Design

Response design ဆိုတာ users အသုံးပြုတဲ့ devices, operating systems, screen sizes ပေါ်မူတည်ပြီး website ရဲ့ layout ကို လိုသလိုပြောင်းလည်းပေးတာပဲ ဖြစ်တယ်။

ယနေ့ခေတ်မှာ websites တွေကို desktop, laptop တွေမှာထက် mobile phones တွေပေါ်ကနေ ကြည့်ရှုတဲ့သူ ပိုများလာတယ်။ အဲဒါကြောင့် mobile first approach ဆိုတာ ခေတ်စားလာတယ်။ Mobile phone လို screen အသေးတွေမှာ အဆင်ပြေအောင် အရင်ရေးပြီး မှ ကျန်တဲ့ screens တွေမှာ လိုအပ်သလိုလိုက်ပြီး ပြင်ဆင်တဲ့ နည်းလမ်းဖြစ်တယ်။ Mobile first approach ကလည်း အမြဲတမ်းတော့ အဆင်မပြေနိုင်ဘူး။ ကိုယ့် website ရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး functions ကိုအဓိကထားတဲ့ function first approach ဆိုတဲ့ idea ကို ပိုပြီး သဘောကြတယ်။ watch, tv တွေပေါ်ကနေ အသုံးပြုတဲ့ users တွေရှိလာတာကိုလည်း သတိပြုရမယ်။

Responsive design ကို CSS ရဲ့ Media Query ကို အဓိက အသုံးပြုပြီး ဖန်တီးကြတယ်။ calc(), Flexbox, Grid layout တွေကို သုံးပြီးလည် ဖန်တီးနိုင်တယ်။

5.Testing

Website testing ဆိုတာ website(web application) တစ်ခု production environment မရောက်ခင် bugs, errors တွေကို ကြိုတင်စစ်ဆေးခြင်းဖြစ်တယ်။

Website တစ်ခုဟာ informative, accessibility and user friendly ဖြစ်သင့်တယ်။ အဲလို အချက်တွေနဲ့ ပြည့်စုံဖို့ testing ကောင်းကောင်း လုပ်ရမယ်။

အောက်မှာဖေါ်ပြထာတဲ့ နည်းလမ်းတွေကို website တစ်ခုရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အသုံးပြုသင့်တယ်။

Functional testing

Usability testing

Interface testing

Compatibility testing

Performance testing

Security testing

6.Tooling

Website တစ်ခုဖန်တီးဖို့အတွက် အခြေခံကျတဲ့ tools တွေက text editor နဲ့ browser ပဲဖြစ်တယ်။

Sublime text, Visual studio code, Atom တို့က လူသုံးများတဲ့ text editors တွေဖြစ်တယ်။

Chrome developer tool နဲ့ Firefox developer tool တို့ကိုလည်း အသုံးချတတ်အောင် လေ့လာထားသင့်တယ်။

Git လို version control system တွေကလည်း development ပိုင်မှာ အများကြီး ထောက်အကူပေးတယ်။

website ကို users တွေဘယ်လို အသုံးပြုတယ်ဆိုတာ စောင့်ကြည့်နိုင်တဲ့ tools တွေသုံးပါ။ အဲလို tools တွေသုံးခြင်းအားဖြင့် website မှာ users တွေဘယ်နေရာမှာ အခက်အခဲဖြစ်နေတယ်၊ ဘယ် section ကိုပိုပြီးစိတ်ဝင်စားတယ် ဆိုတာ ပြန်သုံးသပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်တယ်။

7.Frameworks/Libraries

ယခင်က jQuery နဲ့ bootstrap က လူသုံးများတဲ့ library တွေဖြစ်တယ်။

အခုနောက်ပိုင်း Angular, React, Vue တို့လို modern JavaScript frameworks တွေခေတ်စားလာတယ်။

Git, Yarn လို package manager ကို သုံးပြီး အခြား developer တွေ ရေးထားတဲ့ solutions တွေကို အလွယ်တကူ ယူသုံးနိုင်တယ်။ ကိုယ်ပိုင် package တွေရေးပြီး လိုအပ်တဲ့အချိန် ပြန်လည် အသုံးပြုနိုင်တယ်။

SCSS, SASS လို CSS preprocessor တွေက CSS ရေးရာမှာ ပိုမိုလွယ်ကူစေပြီး well organized ဖြစ်တယ်။

8.Progressive Web Applications(PWAs)

PWA ဆိုတာ web technologies တွေကိုသုံးပြီး offline, push notification, device hardware access, home screen app icon,... အစရှိတဲ့ "app like features" တွေကို website တစ်ခုမှာ ရအောင် ဖန်တီးရေးဆွဲတဲ့ နည်းပညာဖြစ်တယ်။

9.Web APIs

အသုံးများတဲ့ web API တွေကတော့

DOM (Document Object Model)

XMLHttpRequest

Fetch

Canvas

WebGL

HTMLMediaElement

Web Audio

WebRTC

Notification

Web Storage

IndexedDB

...

10.Third-party APIs

Twitter API

Google Map API

Facebook suite of APIs

YouTube API

...

အထက်မှာ ဖေါ်ပြထားတဲ့ အကြောင်းအရာတွေကတော့ frontend web development နဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် ပြောပြထားခြင်းဖြစ်ပါတယ်။ ဖြည့်စွက်ပြောကြားလိုတာ၊ အမှားထောက်ပြလိုတာရှိရင် comment မှာရေးသားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ် 😀😀။
Blogger: Nyinyi_Khant

Comments

Popular posts from this blog